မာန်အောင် ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်မာန်အောင်မြို့နယ် ရွှေကျင်ဂိုဏ်းမြို့နယ် သံဃာ့နာယကအဖွဲ့ ၂၅ရာခိုင်နှုန်းအနားယူ အစားထိုးရွေးချယ်ပွဲကို ယနေ့မွန်းလွဲ၁နာရီက မဟာဓမ္မိကာရုံ ကျောင်းတိုက်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သံဃာတော်၂၉ပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို``နမောတဿ´´သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်ကြပြီး ဗဟိုဌာနကိုယ်စားလှယ်၊နိုင်ငံတော် ဗဟိုဝန်ဆောင်ဆင်နား ချောင်ဓမ္မိ ကာရုံကျောင်းဆရာတော် ဘဒ္ဒန္တသုဂတနန္ဒထံမှသြဝါဒ ခံယူကြသည်။
ထို့နောက်မြို့နယ် သာသနာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယ ဦးစီးမှူးဦးအမ်းဇော်မိုးတို့က သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားကြသည်။
၎င်းနောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရက သြဝါဒမိန့်ကြားပြီး လစ်လပ်လျက်ရှိသည့် မြို့နယ် သံဃာ့နာယကအဖွဲ့ဝင်(၂)ပါးနှင့် ရပ်/ကျေးသံဃာ့နာယကအဖွဲ့ဝင်များကို မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များမှ အဆိုတင်သွင်းရာတက်ရောက်လာသည့် သံဃာတော်များထံမှထောက်ခံအတည်ပြုချက်ရယူကာ သဘာပတိဆရာတော်နှင့် တက်ရောက်သံဃာတော်များ ကသာဓု(၃)ကြိမ်ခေါ်ဆိုအတည်ပြုခဲ့သည်။
ယင်းနောက် ဂိုဏ်းချုပ်ကုန်းခင် မဟာဓမ္မိကာရာမကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒကနိဂုံးချုပ်သြဝါဒ ကတာမြွတ်ကြားကာ``ဗုဒ္ဓသာသနံစိရံတိဌတု´´(၃)ကြိမ် ရွတ်ဆိုအခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)