မိုးမောက် ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့နေ့ထူးနေ့မြတ်များဆိုင်ရာ စာစီစာကုံးစာအုပ်များ၊ ပြည်ထောင်စုနေ့ဆိုင်ရာ သိကောင်းစရာများနှင့် ထင်ရှားကျော်ကြားသော စာရေးဆရာများ၏ စာပေဗိမာန်ဆုရ စာအုပ်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များကို ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၄င်းစာအုပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြသသွား မည်ဖြစ်ကြောင်းနှင့် မိမိနှစ်သက်ရာ စာအုပ်စာစောင်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်းကို စာအုပ်စာစောင်ပြပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)