စစ်တွေ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က နောင်အနာဂတ်ကလေးများနှင့် လူငယ်လူရွယ်များ လမ်းမှားမရောက်ရှိစေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာတိုးပွားပြီး စာဖတ်သည့် အလေ့အထဖြစ်လာစေရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မိမိတို့ဌာနသည် ပြည်သူဗဟိုပြု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာဖတ်ဝိုင်းများ အပတ်စဉ်ပြုလုပ်လျက် ရှိပါကြောင်း၊ စာပေ၏ကောင်းကျိုးများ သိရှိလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်များအား ကျေးရွာများထိ ရောက်ရှိအောင် ကွင်းဆင်းဆောင်ရွက်လိုပါကြောင်း ညှိုနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ သတင်းစာဆရာကြီး ကျွန်းသားငန်း၊ စာရေးဆရာဗကြီးကျော်နှင့် စာရေးဆရာ အောင်ကြည်မိုး(သင်ပုန်းတန်း)တို့က ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများတွင် မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဇူလိုင်ကြယ်