(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်တော်မြို့ Community Center ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ

ကျောက်တော်  ဖေဖော်ဝါရီ   ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမအတွင်း၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများအား ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြသန်းက ရုပ်ပြစာအုပ်ဖြစ်သည့် “မိတ်ဆွေသုံးဦးရုပ်ပုံပါ စာအုပ်ကြောင်းအရာထဲမှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီခြင်း၊ တစ်ဦးဒုက္ခအခက်အခဲများ ကြုံတွေ့လာလျှင် အပြန်အလှန် ရိုင်းပင်းကူညီပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး မည်သည့်အခက်အခဲများ၊ အမုန်းတရားများမရှိဘဲ အေးအတူပူအမျှ နေထိုင်ကြသော မိတ်ဆွေသုံးဦး ရုပ်ပြပုံပြင်စာအုပ်ပါ အကြောင်းအရာများအား ကျေင်းသား/ကျောင်းသူလေးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုံပြင်ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၅)ဦးတို့မှ မိမိကြိုက်နှစ်သက်ရာ ပုံပြင်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ပုံပြင်ပြောဝါသနာ ပါသူ ကျောင်းသား/ကျောင်းသူများ(၃၅)ဦးခန့် တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း

ကျောက်တော် ( ပြန်/ဆက် )