သန်လျင် ဖေဖေါ်ဝါရီ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန် စာသင်တိုက်ကြီးတွင် စိန်ရတုဝိဇာတမင်္ဂလာနှင့် အာစရိယပူဇော်ပွဲ အခမ်းအနားအား ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် သန်လျင်မင်းကျောင်းပထမပြန် စာသင်တိုက်ပဓာန နာယကနိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော် (၇၅) နှစ်ပြည့် စိန်ရတုဝိဇာတ မင်္ဂလာ အခမ်းအနားနှင့် မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ (၃၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၊ သြဝါဒခံယူပွဲ အခမ်းအနားအား ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ဖေဖေါ်ဝါရီ ၁၄ ရက် နံနက် ၈ နာရီမှ ၁၁ နာရီခွဲအချိန်အထိ ဧည့်ပရိတ်သတ်များအား အဟာရဒါနဧည့်ခံကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး မွန်းတည့် ၁၂ နာရီခွဲ အချိန်တွင် ပူဇော်ပွဲ အခမ်းအနားအားကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသန်လျင် မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယကဆရာတော်ကြီး၏ စိန်ရတုဝိဇာတမင်္ဂလာနှင့် မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ (၃၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားတွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် အဆိုပါ ကျောင်းတိုက်ကြီးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)