အထွေထွေစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု(အရာရှိ)သင်တန်း အမှတ်စဉ်(၃၂/၂၀၂၂)၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု(အရာရှိ)သင်တန်းအမှတ်စဉ်(၄/၂၀၂၂)နှင့် ယာဉ်မောင်းနည်းပြ အသိအမှတ်ပြုသင်တန်း အမှတ်စဉ်(၁၁/၂၀၂၂၂)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အထွေထွေစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု(အရာရှိ)   သင်တန်း အမှတ်စဉ်(၃၂/၂၀၂၂)၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ)သင်တန်း အမှတ်စဉ်(၄/၂၀၂၂)နှင့် ယာဉ်မောင်းနည်းပြ အသိအမှတ်ပြုသင်တန်းအမှတ်စဉ်(၁၁/၂၀၂၂၂)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး  သင်တန်းတက်ရောက်မည့် အရာရှိများနှင့် သင်တန်းသားသင်တန်းသူများအား လိုက်လံ နှုတ်ဆက်ခဲ့သည်။ အထွေထွေစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု(အရာရှိ)သင်တန်း အမှတ်စဉ်(၃၂/၂၀၂၂)   သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်မည်ဖြစ်ပြီး  ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ) သင်တန်း အမှတ်စဉ်(၄/၂၀၂၂)နှင့် ယာဉ်မောင်းနည်းပြအသိအမှတ်ပြုသင်တန်း အမှတ်စဉ်(၁၁/၂၀၂၂၂)  သင်တန်းကာလများမှာ ရက်သတ္တပတ်သုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)