တာချီလိတ်မြို့၌ လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့င ပေးအပ်ချီးမြှင့်

 

တာချီလိတ် ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ည ၇ နာရီက  တပ်နယ်ကျောက်ဆည်ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းက ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖဦးလောတာက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော လူမှုကူညီရေးအသင်းအဖွဲ့များအား ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က အရန်မီး သတ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ်ကြက်ခြေနီအသင်း၊ မေတ္တာရှင်၊ အလင်းရောင်၊ ရှမ်းသဒ္ဒါ၊ ရွှေမယ်ယန်း၊ ဂရုဏာရှင်လူမှု ကူညီရေးအသင်းနှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့အား အသင်းအဖွဲ့တစ်ဖွဲ့လျှင် ထိုင်းဘတ်ငွေ-၁၀၀၀၀( ကျပ် ငါးသိန်းကျော်)ကို ပေးအပ်ချီးမြှင့်ပြီး လူမှုရေးအသင်းအဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

ယာဆေး ( ပြန်/ဆက်)