(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်တောမြို့ Community Center ခန်းမ၌ ပြည်ထောင်စုနေ့အသိပညာပေး Talk Show ပြုလုပ်

ပေါက်တော  ဖေဖော်ဝါရီ  ၇

ရခိုင်ပြည်နယ်၊ ​စစ်တွေခရိုင်၊ ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ် စာပေကော်မတီတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အသိပညာပေး (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့​သည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online page များလွှင့်တင်၍ အသိပညာ ပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ဆွေးနွေးခဲ့ပြီး မြို့နယ် စာပေကော်မတီ ဒုတိယဥက္ကဋ္ဌဦးရွှေမြင့်က "ပြည်ထောင်စု၊ ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုစိတ်ဓာတ်" အကြောင်းကိုဆွေးနွေးမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှအတူတကွ စုပေါင်းနေထိုင်လာခဲ့သည်ကို ပြည်ထောင်စုမြန်မာနိုင်ငံဟုသတ်မှတ်လာခဲ့ကြောင်း၊ အရေးကြုံလာတိုင်း အတူတကွပူးပေါင်းပြီး ဖြေရှင်းခဲ့ရသောသာဓကများရှိပါကြောင်း၊ နယ်ချဲ့တိုင်းတပါးများ၏ မြန်မာနိုင်ငံအပေါ် မတရားခြယ်လှယ်သိမ်းပိုက်ခဲ့ကြပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများကို စိတ်ဝမ်း ကွဲပြားအောင် သွေးခွဲအုပ်ချုပ်မှုစနစ်ကျင့်သုံးလာခဲ့ကြောင်း၊ သို့သော် ပြည်ထောင်စုဖွားတိုင်းရင်းသားများ အနေဖြင့် စည်းလုံးမှုလျော့မသွားပဲ ညီညွတ်အားဖြင့်ပြည်ထောင်စုကြီးကို ကယ်တင်လိုသည့်ဆန္ဒဖြင့် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ညီလာခံကျင်းပခဲ့ပါကြောင်း၊ ၁၉၄၇ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီး၏ စည်းလုံးမှုအားကိုပြဆိုခဲ့သည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ အဆိုပါနေ့ကို "ပြည်ထောင်စုနေ့" ဟုသတ်မှတ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် မပျောက်ပျက်ဖို့၊ စည်းလုံးညီညွတ်မှုခိုင်မာဖို့၊ ပြည်ထောင်စုကြီးကမ္ဘာ့အလယ်မှာ ထည်ဝါဝင့်ကြွားဖို့ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာအောင်တည်ဆောက်ကြရန် စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ထို(Talk Show)ဆွေးနွေးပွဲကို We Love Pageနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Page များမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)