ကျောက်တော် ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလော အသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ဆက် လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ စုရပ်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား တတိယအကြိမ်အဖြစ် အပိုဆောင်းဆက်လက်ထိုးနှံပေးလျှက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်လာရောက် ဆေးထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံ မီလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေကာ ဆေးထိုးပြီးကြောင်းလက်မှတ် တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)