မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ သက်မွေးပညာ အစီအစဉ်တစ်ခုဖြစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

မြစ်ကြီးနား ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်တီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး၍ သက်မွေးပညာသင်တန်းတစ်ခုဖြစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်သင်တန်း (၁/၂၀၂၂)ကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်း၌ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်သင်တန်းကို သင်တန်းသား(၂၃)ဦးတို့အား (၁)လကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်စောလင်းက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး မိသားစုအတွက် ထိရောက်သင့်လျော်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် အသက်ဝမ်းကျောင်းလုပ်ငန်း အမျိုးမျိုးဖြင့် ချိတ်ဆက်နိုင်သော ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်၊ သက်မွေးပညာအကြိုသင်တန်းများနှင့် သက်မွေးပညာသင်တန်းများသို့ တက်ရောက်နိုင်အောင် ဆောင်ရွက်ပေးသည့်အစီအစဉ် တစ်ခုဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲနှင့်အတူ သင်တန်းသားများအား အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်လှိုင်နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်မိမိနှောင်းတို့က အလုပ်သမားရေးရာ ဥပဒေများနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်