ဒဂုံအရှေ့ ဖေဖော်ဝါရီ ၇
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၇)ဦး၊ အသစ်လဲလှယ်သူ(၈)ဦး၊ မိတ္တူ(၁၂)ဦး၊ စုစုပေါင်း(၂၇)ဦးတို့အား ယနေ့ နံနက်(၁၀)နာရီက အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စု မရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက် (၁၀)နှစ်အထက် ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ (ပြန်/ဆက်)