ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

ကျိုင်းတုံ  ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုကနှင့် ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးတို့က  အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးတင်အောင်ချိုနှင့် ပြိုင်ပွဲအသီး သီးမှ တာဝန်ခံဒိုင်များက ပြိုင်ပွဲများနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။     

ထို့နောက် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ် ခရိုင်များမှ အခြေခံပညာ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ  ၁၈ ဦးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးနှင့် ဆောင်းပါး ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်