ကျိုင်းတုံ ဖေဖော်ဝါရီ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီ ၅ က လွိုင်မွေကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများထံ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးယာစိုးဘိုနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် လွိုင်မွေကျေးရွာအုပ်စုရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ၂၉ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူ ၁၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက်မိတ္တူဆောင်ရွက်သူ ၉ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ဆောင်ရွက်သူ ၁၉ ဦး အား အခမဲ့ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ပြုလုပ်ပေးခြင်းကို ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)