နောင်ချို၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

နောင်ချို ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကော်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက ဖတ်ကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်ခိုင် ကဖတ်ကြားခဲ့သည်။

ယနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရှမ်း၊ ဓနု၊ ပလောင်၊ လားဟူ၊ မြောင်ဇီး၊ ကချင်၊ ချင်း စသော တိုင်းရင်းသား ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)