ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံး ပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများယှဉ်ပြိုင်

မောင်တော ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ယ‌နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဒွါရာဝတီဆောင်တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။  

အဆိုပါ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာတွင် အမှတ်(၁)/ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၄)အလယ်တန်းကျောင်း(ခွဲ)၊ အ.ထ.က(၄)မိုင် ကျောင်းတို့မှ ကျောင်းသား/သူ (၉)ဦးတို့မှ “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စု စိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ  အထက်တန်းကျောင်းမှ ကျောင်းသား/ သူ (၂)ဦးက “ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး” ခေါင်းစဉ်တို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ  ခရိုင်ပညာရေးမှူး ဦးညီထွေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု ပြီး   ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)