မောက်မယ်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ် စာစောင် ပြပွဲကျင်းပ

မောက်မယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်/ထွက် သွားလာနိုင်သည့်နေရာ၊ ကျောင်းစာအပြင် အခြားဗဟုသုတများကို စာအုပ်စာပေများ မှတစ်ဆင့် ရရှိစေရန်၊ စာကြည့်တိုက်ရှိ စာအုပ်အမျိုးအစားများကို သိရှိစေရန်၊ ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စာပေ ချစ်သူများအသင်းတို့မှ ခင်းကျင်းပြသထားသော သုတစာပေများ၊ ရသစာပေများ၊ အပျော်ဖတ်ရုပ်ပြ၊ ကာတွန်းစာအုပ်မျိုးစုံအား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)