မောက်မယ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က ဖတ်ကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင် ကဖတ်ကြားပြီး မောက်မယ်မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဟန်က ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားကာ ရပ်ကွက်နှင့် ကျေးရွာများမှ ရှမ်းတိုင်းရင်းသားရိုးရာ အကများဖြင့်က ပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)