ကျောက်ဖြူ ဖေဖော်ဝါရီ ၇
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ် ပေးစည်းမျဉ်း၊ စည်းကမ်းများအား ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင့်မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရ ရှိသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း