မိုးမိတ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြို့ကျက်သရေဆောင် ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း ၊ ရှမ်းတိုင်းရင်းသား အလံအားအလေးပြုခြင်း နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မိုးမိတ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ဖတ်ကြားခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က ဖတ်ကြားခဲ့ကြောင်းသိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)