မိုင်းတုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

မိုင်းတုံ   ဖေဖော်ဝါရီ   

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌  ယနေ့နံနက် နာရီ အချိန်က(၇၅)နှစ်မြောက်စိန်ရတုရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားကို  ကျင်းပသည်။

ရှေ့ဦးစွာ (၇၅)နှစ်မြောက်စိန်ရတုရှမ်းပြည် နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးလွင်မိုးက ဖတ်ကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ရှမ်းပြည် နယ်ဝန်ကြီးချုပ်, ဒေါက်တာကျော်ထွန်းထံမှ (၇၅)နှစ် မြောက်စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ပေးပို့သောသ၀ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်

 ဦးလှမောင်က ဖတ်ကြားပြီးနောက် အခမ်းအနားတွင် ရှမ်းတိုင်းရင်းသား၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ရှမ်းရိုးရာ အကများဖြင့် ဖော်ဖြေပေးရာ မိုင်းတုံ(အခြေချစစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် မိုင်းတုံမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်တို့မှဆုချီးမြှင့်ရာရှမ်းတိုင်းရင်းသား၊စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုယ်စား နောင်ပါရင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ ဦးစိုင်းမတ်တို့က ဆုများကို လက်ခံရယူပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မိုင်းတုံ(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးဦးမြင့်အောင်နှင့်အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)