မြစ်ကြီးနား ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ (Community Centre) လူထုအခြေပြုဗဟိုဌာန အစည်းအဝေး ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးနှင့် ဒုတိယပြည်နယ်ဦးစီးမှူး ဦးညီညီဇော်တို့မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းတွင် စာရေးဆရာ အောင်သင်း၏ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ စာအုပ်မှ ပတ်ဝန်းကျင်စက်ကွင်းနှင့် ဝင်းမြင့်ကျော် တောချောင်ဦး၏ ချစ်ခြင်းဖွဲ့ ဒိုင်ယာလော့ တူးအင်ဝမ်းကဗျာတို့ကို တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။