ဆီဆိုင် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်ခန်းမဆောင်ရှေ့၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့သဝဏ်လွှာအား ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေကဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှပေးပို့လာသည့် (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရွှေသာထွန်းက ဖတ်ကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပအိုဝ်း၊ ရှမ်း၊ လီဆူ၊ ကယန်းစာပေ ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)