ပင်းတယ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ဖတ်ကြား ပေးခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ၂၀၂၂ ခုနှစ်၊ စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ထွန်းထွန်းဦးမှ ဖတ်ကြားခဲ့ကြောင်း သိရပြီး ယနေ့အခမ်း အနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)