ဆီဆိုင် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် ပြည်သူများ၏ ကလေးများကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက စတင်၍ Volunteer ဆရာမများက ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်မှ ဆီဆိုင်မြို့ဇဝနာရာမစာသင်တိုက်၊ မင်္ဂလာဘုရားနှင့် အရိယမဂ္ဂင် ဓမ္မာရုံတို့တွင် ခေတ္တခိုလုံရောက်ရှိနေသည့် ပြည်သူများ၏ ကလေးများ အသိပညာတိုးပွားစေရန်၊ ကျောင်းစာပေနှင့် အလှမ်းမဝေးစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့် တစ်ဦး ချစ်ချစ် ခင်ခင်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်တတ်စေရန်အတွက် ဆီဆိုင်မြို့ဇဝနာရာမ စာသင်တိုက်၌ KG တန်းမှ Grade 11 တန်းရှိ ကလေး(၁၅၀)ဦးကျော်အား Volunteer ဆရာမ(၁၅)ဦးဖြင့် ကျောင်းစာပေ ပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)