ညောင်ဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၇၆၀၄၄ ဦး ထိုးပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦး မြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၁၇၆၀ ဦး၊ Sinovac ပထမအကြိမ် ၃၈၃၀ ဦး၊ Sinovac ဒုတိယ အကြိမ် ထိုးပေးနိုင်မှု ၃၄၃၂ ဦး၊ Phae-6 Covisheld ထိုးနှံမှု ပထမအကြိမ် ၇၇၀၀ စုစုပေါင်း ၁၇၆၀၄၄ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကာ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့ များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရ သည်။
ကိုထိန်၊ KPD