တောင်ကုတ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

တောင်ကုတ် ဖေဖော်ဝါရီ‌ ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရောဂါကြောင့် သေဆုံးမှု၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍၊  ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်  ၉ နာရီအချိန်က ​ချောင်းကောက်ရပ်ကွက်‌အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပထမအကြိမ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တောင်ကုတ်မြို့ချောင်းကောက် ရပ်ကွက်အတွင်း၌ ပထမအကြိမ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ထားပြီးသူ (၁၀၇၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌​ဆေးများ စတင်ထိုးနှံပေး လျက်ရှိရာ (၉၀၀)ဦးကျော် ထိုးနှံထားပြီး ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။     

ထိုသို့ကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်  အညီ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

စန်းဝင်း (မြို့နယ်ပြန်/ဆက်)