မြောက်ဦး ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမတွင် ကျောင်းသူ/ ကျောင်းသားများ ပုံပြင်ပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးမောင်ဝင်းက ရုပ်ပြစာအုပ်ဖြင့် ''သစ်ပင်လေးတွေ စိုက်ရအောင်'' ရုပ်ပုံပါ စာအုပ်အကြောင်းအရာထဲမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ကြရန်နှင့် သစ်ပင် များကို စည်းကမ်းမဲ့မခုတ်ကြရန်ထိုမှသာလျှင် သဘာဝပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြေနေပြီး သစ်ပင်များများ စိုက်ကြရန် မိမိတို့ပတ်ဝန်းကျင်တွင် မိမိတတ်နိုင်သမျှသစ်ပင်စိုက်ကြရန် ရုပ်ပြပုံပြင်စာအုပ်ပါ အကြောင်းအရာများထဲမှ ကျောင်းသူ/ ကျောင်းသားလူငယ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပုံပြင်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အလယ်တန်းအဆင့် ကျောင်းသူ/ ကျောင်းသား (၁၅)ဦးမှ မိမိတို့ ကြိုက်နှစ်သက်ရာပုံပြင်ခေါင်းစဉ်ဖြင့် ဝင်ရောက် ယဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသိသိပေးအပ် ချီးမြှင့်ကြပြီး ထိုပုံပြင်ပြိုင်ပွဲသို့ ပုံပြင်ပြော ဝါသနာပါသူ ကျောင်းသား/ကျောင်းသူ (၂၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)