မိုးကောင်း ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မွေးစမှ အသက် ၅ နှစ်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၅ရက် နံနက် ၉ နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အသက်မွေးစမှ (၂) လကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ၍ အသက်(၆)လမှ (၁၁)လ ကလေးများကို အာဟာရလုပ်ငန်းအနေဖြင့် မျက်စိအားတိုးဆေး ယူနစ်တစ်သိန်းအားကိုလည်းကောင်း၊ အသက် (၁၂)လမှ (၅)နှစ်ကလေးငယ်များကို မျက်စိအားတိုးဆေး ယူနစ် နှစ်သိန်းအား ကိုလည်းကောင်း တိုက်ကျွေးကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီ (၃)ရက်မှ (၅)ရက်ထိ နံနက်(၉)နာရီမှ(၁၂)နာရီထိတစ်ကြိမ် နေ့လယ်(၁)နာရီမှ(၃)နာရီထိတစ်ကြိမ် နေ့စဉ်ထိုးပေးကြောင်း သိရသည်။
သန်းလွင်ဦး