ဗန်းမော်မြို့ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ဗန်းမော်       ဖေဖော်ဝါရီ  

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ဝ နာရီခွဲက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို လည်းကောင်း၊ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်  ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊အမှတ်(၃)တွင် သျှားမင်းထက်ထက် ရေးသားထားသော "ကိုဗစ်-၁၉ ကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင် လူငယ်များအလုပ်အကိုင်ဆုံးရှုံးမှုများပြား" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းတွင် တက်ရောက်ခဲ့သည့် စာပေချစ်မြတ်နိုးသူ ဒေါ်ချိုချိုမြင့်က ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်  ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊အမှတ်(၃)တွင် ပါရှိသော ဇင်ခန့်နိုင် ရေးသားသည့် "လမ်းလျှောက်ခြင်း၏ အကျိုး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်အိအိမျိုးက မသန်းလှ(ရာမညမြေ)ရေးသားသည့် "ဆောင်းရာသီစာ တယ်သီး(တည်သီး)" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်သင်းသင်းခိုင်က ဒေါက်တာမြင့်သန်းထွန်း ရေးသားသည့် "စိတ်ကြောင့်ဖြစ်သော ရောဂါများကို ကြိုတင် ကာကွယ်ပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)