ပန်ဆိုင်း ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ် (၂) နာရီအချိန်က (၇၅) နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာအုပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဉီးစီးမှူး ဒေါ်အိအိဖြူက စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ ဗဟုသုတရရှိစေရန်နှင့် သိမှတ်ဖွယ်ရာများရရှိနိုင်သော စာအုပ်စာပေများ စာကြည့်တိုက်တွင် ရှိကြောင်း သိရှိစေနိုင်ရန်ရည်ရွယ်ပြီး စာအုပ်စာစောင်ပြပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြသထားသည့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှု ခဲ့ကြကြောင်း နှင့် သိရှိလိုသည်များကို မေးမြန်းခဲ့သည်ကို မြို့ဦးစီးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အိအိဖြူ(ပန်ဆိုင်း)