မိတ္ထီလာ၊ ဖေဖော်ဝါရီ ၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း အခြေခံစာရေး (ရုံးလုပ်ငန်း)သင်တန်းအမှတ်စဉ်(၁၀/၂၀၂၁)၊ Logistic & Supply Chain Management သင်တန်း အမှတ်စဉ်(၃/၂၀၂၂)နှင့် အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၁)တို့၏ သင်တန်းဆင်းပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာ စကားပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို ဆုများ ချီးမြှင့်ပေးအပ် ခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မျိုးကျော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)