သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Does ထိုးနှံပေးလျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ယမန်နေ့၊ နံနက် နာရီမှ စတင်၍ (/က)ရပ်ကွက်ရှိ ဓမ္မဗိမာန်တော်၌ (၁၄၃)ဉီးကို ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ကို Covid shield နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၅၀ နှစ်နှင့်အထက် ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းမျာ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ဝန်ထမ်းများအားလုံးတို့ကို ဦးတည်အုပ်စုများအဖြစ် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဉီးစီးမှူး ဒေါက်တာ စောအောင်ရွှေဖြူနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။

စန္ဒာမိုး