မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မော်လမြိုင်  ဖေဖော်ဝါရီ  ၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အတွင်း အများပြည်သူ အပန်းဖြေအနားယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့်နေရာတို့ အားသွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က ကိုဗစ်- ၁၉ အလွန်ကာလများတွင် အများပြည်သူ စိတ်လက်အပန်းဖြေအနားယူရန်နှင့် လေကောင်းလေသန့်ရရှိပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေး၊ အရိပ်ရလေကာပင်များစိုက်ပျိုးကြရေး၊ ကမ်းနားလမ်းတစ်လျှောက်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍တိုးချဲ့သဲသောင်ပြင် ဘောလုံးကွင်းနေရာသို့ရောက်ရှိကာ ဘောလုံးကွင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ဆိပ်ခံတံတား အခြေအနေတို့ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်သည် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ ဒေသထွက်ကုန်သီးနှံများ၊ အစားအသောက်များဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများစွာ စိတ်ဝင်စားမှုရှိသည့်အပြင် တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၊ ရှေးဟောင်းသမိုင်းဝင်သာသနိက အဆောက်အအုံများစွာရှိသကဲ့သို့ အပန်းဖြေစရာနေရာများစွာရှိပြီး မြို့/ရွာ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရေစီး၊ ရေလာကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ်မှု စနစ်တကျရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီစွာဖွံ့ဖြိးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေး တို့အတွက်လည်း အလေးပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း