မိုင်းခုတ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ အမည်စာရင်း၊ ၁၉၆၈ ခုနှစ်၊ မြဝတီမဂ္ဂဇင်းတွင်ဖော်ပြခံရသည့် သမိန်သောင်း၏ ''ပြည်ထောင်စုသား ဒို့လက်များသည်''ကဗျာ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲ တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှ ''စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်'' ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့်မိန့်ခွန်းမှ ''ရည်မှန်းချက်များပြည့်စုံအောင်''ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့ဆောင်းပါးနှင့် ကာတွန်းများပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (ရုံးချုပ်)ကစောင်ရေ (၁၀၀၀၀၀)အခမဲ့ထုတ်ဝေ ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၀၀)အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)