တာလေ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းတွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်- ဂျိုက်သိုး BCG ကာကွယ်ဆေး၊ PCV ငါးမျိုး စပ်ကာကွယ်ဆေး၊ PENTA ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ OPV ပိုလီယိုအစက်ချ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများအား လစဉ်ပုံမှန် ၄ ရက်နေ့၌ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ပေါင်ချိန်ခြင်းအစီအစဉ်ကို သား ဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)
09899417557