လဲချားမြို့နယ် ဖာလံကျေးရွာအုပ်စုတွင် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား  ဖေဖော်ဝါရီ   ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက  ယမန်နေ့  နံနက်(၉)နာရီအချိန်က ဖာလံကျေးရွာအုပ်စု၊ နမ့်မင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်ဦးစီးမှူးမှ နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးရခြင်းကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး  ဒု-လဝကမှူး ဦးစိုင်းရွက်ဖနှင့် အဖွဲ့ဝင်(၂)ဦးတို့မှ ဖာလံကျေးရွာအုပ်စု အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူ  ကျား(၂၇)ဦး၊ မ(၃၅)ဦး စုစုပေါင်း (၆၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရန် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)