ခိုလမ်မြို့တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ခိုလမ်   ဖေဖော်ဝါရီ  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုမြို့အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၃) နာရီအချိန်က ခိုလမ်မြို့ ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျာ်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများက ချီတက်အလေးပြုခဲ့ကြသည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဖူဆယ် ဘောလုံး ပြိုင်ပွဲတွင် ခိုလမ်မြို့အတွင်းရှိ မြိုပေါ်ရပ်ကွက်များမှ ဘောလုံးအသင်း () သင်း ပါဝင် ယှဉ်ပြိုင်ကာ ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် (SORCERER) ဘောလုံးအသင်းနှင့် (ရှမ်းလူငယ်အသင်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြကြောင်းဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ထံမှသိရသည်။

  နောင်ဟေးငင်း (ခိုလမ်)