မိုင်းခုတ် ဖေဖော်ဝါရီ ၅
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အသိပညာပေး Talk Show ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းစံမွန်းက ''ပြည်ထောင် စုနေ့ဖြစ်ပေါ်လာပုံ''ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာမတည်ဆောင်နိုင်ပဲ လွတ်လပ်ရေးရရှိရန်မလွယ်ကူပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်တစ်မျက်နှာကိုသာကြည့်ပြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် တိုင်းပြည်ကို အစိုးရတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရပုံနှင့် ဖေဖော်ဝါရီ (၁၂) မှ အရင်းတည်ကာ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးအတွက် အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်းရန် နိုင်ငံသားတိုင်းမှာတာဝန်ရှိပုံတို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)