ကျောက်ပန်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ ဟောပြော

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၅)နှစ်မြောက် အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများကို ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်ထောင် စုနေ့အကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်၊ (၇၅)နှစ်မြောက်စိန်ရတု အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်(၁၈၄)စောင်ကို၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများက ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ထံဖြန့်ဝေ ပေးခဲ့ပြီး၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ဟောပြာခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ငယ်တွင် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့ ဉယျောဇဉ်နှင့် (၁၁-၂-၁၉၄၇)ရက်နေ့တွင် ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(၁၂-၂-၂၀၂၁)ရက်နေ့တွင် နိုင်ငံတော်အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ကာတွန်း/ကဗျာနှင့် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြသည့် တိုင်းရင်းသားကိုယ် စားလှယ်(၂၃)ဦးတို့၏ အမည်နှင့် ကိုယ်စားပြုဒေသများ အစရှိသည့်တို့ စုံလင်အောင်ပါရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အထောက်အကူဖြစ်စေနိုင်သည့် လက်ကမ်းစာစောင် တစ်ခုဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)