ကျောက်တော် ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမအတွင်း၌ ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြသန်းမှ ပြည်သူများ ဗဟုသုတရရှိစေ ရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online page များလွှင့်တင်၍ အသိပညာပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနေမှုအခြေအနေများအား ဆွေးနွေးခဲ့ပြီး ပညာရေးဦးစီးဌာန မြို့သစ်ရပ်ကွက်၊ အ-မ-က(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်သန်းထွန်းမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၂ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဦးတည်ချက်(၅)ရပ်ထဲမှ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်ရင်းသားစည်းလုံး ညီညွှတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့ သည်လည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင် သောနိုင်ငံဖြစ်၍ စည်းလုံးခြင်းသည် အင်အားဆိုသည့်အတိုင်း ရောက်ရှိလာမည်ဖြစ်ပြီး မိမိတို့တိုင်း ရင်းသားပြည်သူများအနေဖြင့် နောင်နှစ်ပေါင်းများစွာ ပြည်ထောင်စုကြီးတည်တံ့နေမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓါတ်ထားရှိကြရန် စသေ ာအကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း