သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံပေးလျက်ရှိ

သံတွဲ ဖေဖော်ဝါရီ ၅

သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀နာရီမှစတင်၍ ဒွါရာဝတီ မြို့နယ် ခန်းမ၌ ထိုးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ကို Covid Chield နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၅၀ နှစ်နှင့်အထက် ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရှိဝန်ထမ်းများ အားလုံးတို့ကို ဦးတည် အုပ်စုများအဖြစ် စတင်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)