ခေါဇာ ဖေဖော်ဝါရီ ၅
ကလေးငယ်များငယ်စဉ်ကပင်စာဖတ်သည့်အလေ့ အကျင့်ကောင်းများပျိုးထောင်ပေးသကဲ့သို့ စာပေမှရရှိသည့် အသိအမြင်ဗဟုသုတတို့ဖြင့် ဘဝလမ်းကြောင်းမှန်ကန်စွာ လျှောက်လှမ်း ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ယနေ့မွန်းလွဲ၁နာရီက မော်လမြိုင် ခရိုင် ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောပြခြင်း ဆောင်ရွက်ပေးသည်။
ပုံပြင်ပြောဆောင်ရွက်ပေးရာတွင် ဒုံးကကြမယ်ဆိုသည့် ကရင်ပိုး တိုင်း းရင်းသားရိုးရာ ပုံပြင်အား ဒေါ်သဲစုအောင်က ပုံပြင်တွင်ပါရှိသည့် အကြောင်းအရာများကို ပြောပြပေးရာတွင် မိမိတို့၏ တိုင်းရင်းသားရိုးရာအကများ ဓလေ့ထုံးစံများကို ကလေးငယ်များ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပေးသည်။
ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနသည် လူငယ်၊ လူရွယ်များ အတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင် ရွက်ပေးခြင်းအပြင် ကလေးငယ်များ ကျောင်းစာအပြင် စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး စဉ်းစားတွေးခေါ်ဉာဏ်မြင့်မားပြီး သူတပါးအား အသိပညာမျှဝေပေးနိုင်၍ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခေါဇာပြန်/ဆက်