ဉတ္တရသီရိ ဖေဖော်ဝါရီ ၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဉတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေး(အ.ထ.က)ခွဲ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းသား၊ကျောင်းသူများအား ဉတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူထား ရှိသင့်သည့် အကြောင်းအရာများအား ဟောပြောခဲ့ပါသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဉတ္တရ ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဉတ္တရခရိုင်(ပြန်/ဆက်)