ကျိုက်မရော၌အသက် ၅  နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (OPV) ဆက်လက် တိုက်ကျွေး

ကျိုက်မရော  ဖေဖော်ဝါရီ  


ကျိုက်မရောမြို့နယ်တွင် အသက် ၅  နှစ်အောက် ကလေးငယ်များ  ပိုလီယိုရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏  ဘဝပိုလီယိုရောဂါ ကင်းဝေးစေရန်  ရည်ရွယ်ချက် ဖြင့် အမီလိုက်  ပိုလီယိုကာကွယ်ဆေး (OPV) ဆေးတိုက်ကျွေးခြင်းကို  ယမန်နေ့နံနက်   နာရီမှစတင်ကာ ဆေးတိုက်စုရပ်များဖြစ်သော အတ္ထရံခန်းမနှင့် ရန်မျိုးအောင်ရပ်ကွက်   အုပ်ချုပ် ရေးမှူးရုံးတို့၌ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ယခုလိုပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်များ ပိုလီယိုရောဂါဖြစ်ပွား ခြင်း၊ကူးစက်ခြင်းတို့မှ ကာကွယ်နိုင်ပြီး ရာသက်ပန် မသန်မစွမ်းဖြစ်ခြင်းဒုက္ခမှ  ကင်းဝေးပြီးကလေး များ၏ အနာဂတ်ဘဝလေးများ  သာယာလှပမှာဖြစ်သည့်အတွက်   ပြည်သူများအနေဖြင့်   မိမိတို့၏ သားသမီးများ အနာဂတ်ဘဝလှပစေရန် ပိုလီယိုကာကွယ်ဆေးကို မပျက်မကွက်တိုက်ကျွေးကြပါရန် နှင့်ဆေးတိုက်စုရပ်များသို့အချိန်မီလာရောက်၍တိုက်ကျွေးနိုင်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူကပြောသည်။  ယနေ့ပိုလီယိုကာကွယ်ဆေး    တိုက်ကျွေးရာတွင်   မြို့ပေါ်ရပ်ကွက်  ရပ်ကွက်မှကလေးဦးရေ(၇၄၂)ဦးအားတိုက်ကျွေးပေးနိုင်ခဲ့​ကြောင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)