(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟော​ပြောပွဲနှင့်ပုံပြော၊ ကဗျာရွတ်၊ပန်းချီပြိုင်းပွဲများကျင်းပ

လမိုင်း ဖေဖော်ဝါရီ

၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  ကျရောက်မည့်   ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်    ၊လမိုင်းမြို့၌ (၇၅)နှစ်မြောက်     စိန်ရတု ပြည်ထောင်စုနေ့   အထိမ်းအမှတ် ဟောပြောပွဲ  မူလတန်းအဆင့် ပုံပြော၊    ကဗျာရွတ်ဆိုခြင်း နှင့် ပန်းချီပြိုင်ပွဲများကို   ယနေ့နံနက် ၁၁နာရီက    မြို့မ()ရပ်ကွက်   ..က  ဘူတာကုန်းကျောင်းပိတောက်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီးဦးဝိဇ္ဇာလင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စု နေ့ဟောပြောပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊  ဆရာမဒေါ်နီနီ ထွန်းကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ  ဟောပြောပြီး   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူအေးက မျိုးချစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားကိုယ်စားလှယ်များက   လွတ်လပ်ရေးရယူရန်  ကြိုးပမ်းခဲ့ကြပုံ  လွတ်လပ်ရေး ရယူရာတွင် တောင်တန်း/ပြည်မ   မခွဲခြားဘဲ တစ်ပေါင်းတစ်စည်းတည်း    လွတ်လပ်ရေးရယူရန် အတွက်  သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပုံစသည့် သမိုင်းကြောင်းများကို ဟောပြောခဲ့သည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်    ပြည်ထောင်စုကို   ချစ်မြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်   ပိုမိုခိုင်မာလာစေရန်၊ ပြည်ထောင်စု၏   တန်ဖိုးကို    ပိုမိုသိရှိနိုင်စေရန်နှင့်   

ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသစသည့် ဘက်စုံပညာဟန်ချက်ညီသော လူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးနိုင်ရန်စသည့်    ရည်ရွယ်ချက်များဖြင့်    (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းသား၊ကျောင်းသူ(၃၆)ဦးတို့က   မူလတန်းအဆင့်   ပုံပြော၊  ကဗျာရွတ်ဆိုခြင်းနှင့်ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ဖြူဖြူအေး(ပြန်/ဆက်)