မြေပုံ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာ ကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗ ဟုသုတရရှိလာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က“နှစ်သစ်ကူးပွဲ” ခေါင်းစဉ် ဖြင့် ရိုက်ကူးဆောင်ရွက်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်ပြည်သူများ ကျောင်းသားကျောင်သူ သားငယ်သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ Online မှတဆင့် သုတ ၊ ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်းအစီအစဉ် ကဗျာလေးတွေရွက်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် မြေပုံမြို့နယ် ပြည်သူ့စာကြည့် Page မှတဆင့် တင်ဆက်ပေးလျက်ရှိကြသည်။