မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်

မြောက်ဥက္ကလာပ   ဩဂုတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ကာလနှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီက ရတနာင်္သီဂီစျေးနှင့် (၂)စျေး တွင်  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ နှာခေါင်းစည်းတပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ရာတွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အဖွဲ့ဝင် (၁၁) ဦးမင်းဟန်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်းဇေမိုးနှင့် အဖွဲ့ဝင်များ၊ စျေးများဌာနမှူးအဖွဲ့၊ မြို့နယ် ကိုဗစ် ကော်မတီ အဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍ ရတနာ င်္သီဂီစျေးနှင့် (၂)စျေးတွင် ဈေးဝယ်သူများနှင့် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက် များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာ ကြရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)