သာစည် ဩဂုတ် ၂၇
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေးသတိပေးနှိုးဆော်ပန်ကြားချက်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် လိုက်လံကြေညာအသိ ပေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ယမန်နေ့က မြို့မဈေးကြီးနှင့်မြို့ပေါ် ရပ်ကွက်များ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတိပေးနှိုးဆော်ချက်များလိုက်လံကြေညာရာတွင် မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှတာဝန်ပေးဖွဲ့စည်းထားသော Hot Line အရေးပေါ်ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းနှင့် ကော်မတီဝင်များ၊ သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရဲနိုင်နှင့်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေး သတိပေးနှိုးဆော်ပန်ကြားချက်ပါအချက်များနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဈေးရောင်းဈေးဝယ်များသိရှိလိုက်နာကြရန် အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်သည်။ ဆက်လက်၍ အဆိုပါအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် ကော်မတီဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)