မချမ်းဘော့မြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဂိုးကျဉ်း (စမောဂိုး)ဘောလုံး အားကစားပြိုင်ပွဲကျင်းပ

မချမ်းဘော့  ဖေဖော်ဝါရီ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဂိုးကျဉ်း(စမောဂိုး)ဘောလုံးပြိုင်ပွဲကို မချမ်းဘော့မြို့ အထက ကျောင်း ဘောလုံးကွင်း၌ ယမန်နေ့ မွန်းလွဲ ()နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်မှ ကွင်းဖွင့်ဘောလုံးကန်ပြီး ဂိုးကျဉ်း (စမောဂိုး) ပြိုင်ပွဲအား စတင်ကြောင်း သိရသည်။

အဆိုပါ ဂိုးကျဉ်း(စမောဂိုး) အားကစားပြိုင်ပွဲတွင် ဌာနဆိုင်ရာအသင်း၊ အထက မချမ်းဘော့အသင်း၊ ရပ်ကွက်-၁အသင်း၊ ရပ်ကွက်-၃အသင်း၊ အင်ဘူးဘော့အသင်းနှင့် မီးသတ်တပ်ဖွဲ့ အသင်း()သင်းတို့ ပါ၀င်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမပွဲစဉ်အနေဖြင့် ဌာနဆိုင်ရာအသင်းနှင့် အထက-မချမ်းဘော့ အသင်းတို့ယှဉ်ပြိုင်ကစားရာ ပထမပွဲစဉ်တွင် အထက-မချမ်းဘော့အသင်းက ၆ဂိုး၊ ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပွဲစဉ်အဖြင့် ရပ်ကွက်-၁အသင်းနှင့် အင်ဘူးဘော့အသင်း၊ တတိယပွဲစဉ်အဖြင့် မီးသတ်တပ်ဖွဲ့အသင်းနှင့် ရပ်ကွက် -၃အသင်းတို့ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)