နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးကြိုကြံချေး ငွေထုတ်ပေး

နောင်ချို ဖေဖော်ဝါရီ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသိသာစွာဖြင့် တောင်သူများသို့ ၂၀၂၂ မိုးကြိုကြံချေးငွေများကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ချေးငွေများ ထုတ်ပေးရာတွင် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ(၁) ရက်နေ့တွင် ညောင်ထောက်ကျေးရွာ အုပ်စုမှ တောင်သူ ၁၆ ဦး ၊ ရွှေမုဌောကျေးရွာအုပ်စုမှ တောင်သူ ၆၃ ဦး စုစုပေါင်း တောင်သူ ၇၉ ဦးအား စုစုပေါင်းငွေ (၆၀၉၀၀၀၀၀/) ကျပ်ခြောက်ရာ့ကိုသိန်းတိတိကို ထုတ်ပေးခဲ့ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)